မြိတ်မြို့ သားဖွားသင်တန်းကျောင်း၌ သင်တန်းသူ အမျိုးသမီးငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပ

မြိတ်   ဇူလိုင်   ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် သင်တန်းသူ အမျိုးသမီးငယ်များ အသိပညာဗဟုသုတများ တိုးပွားသိရှိစေရန်နှင့် ဗဟုသုတများ ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သားဖွားသင်တန်းကျောင်း (မြိတ်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် သားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယုမော်က အဖွင့်အမှာစကား ပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စကားဝိုင်းဆွေးနွေးပွဲကို စတင်သည်။

စကားဝိုင်းဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ချိုချိုစန်း က Moderator အဖြစ် ဆောင်ရွက်၍ သားဖွားကျောင်းမှ ဒုတိယနှစ်သင်တန်းသူ(၄)ဦးက လူငယ်နှင့် အနာဂတ်၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ကျန်းမာရေး၊ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး သင်တန်းသူများက ပါဝင်မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးကြသူ များက ပြန်လည်ဖြေကြားကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် သင်တန်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး စကားဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ  အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ တက်ရောက်လာကြသူများက ကြည့်ရှုအား ပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)