မြိတ် ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးအပေါ် ချစ်မြတ်နိုးစိတ်၊ ဇာတိသွေးဇာတိမာန် စိတ်ဓာတ်များတက်ကြွရင့်သန်လာစေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ချိုချိုစန်းက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး”ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျောင်းစာအပြင် ဗဟုသုတများတိုးပွားစေရန် စာအုပ်စာပေကို များများဖတ်ရှုကြရန် ဟောပြောပြီး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များကို ပြသပေးရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်