ဘုတ်ပြင်းမြို့ ၌ ရေယာဉ်မီးငြှိမ်းသတ်ခြင်းနှင့်ရေပြင်အသက်ကယ်ခြင်းဇာတ်တိုက်လေ့ကျင့်

ဘုတ်ပြင်း      ဇူလိုင်   ၉

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  ပင်လယ်အတွင်း သွားလာနေသည့် ရေယာဉ်များ ရေလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့်ရေယာဉ်များ အရေးပေါ်မီးလောင်မှုဖြစ်ပေါ်လာပါက လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး မီးသတ်ဦးစီးဌာနမှ ရေယာဉ်မီးငြှိမ်းသတ်ခြင်းနှင့်ရေပြင်အသက်ကယ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ဗိုလ်လှဖေတံတားအနီးရှိ ဘုတ်ပြင်းချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်သည်။

ဦးစွာ ပင်လယ်အတွင်း စက်လှေမီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ရေပြင်ကယ်ဆယ်ရေးရေယာဉ်ဖြင့် မီးလောင်နေသောစက်လှေအား မီးငြှိမ်းသတ်ခြင်း၊ ရေယာဉ်ပေါ်မှ လုပ်သားများအားကယ်ဆယ်၍ အရေးပေါ်ရှေးဦးပြုစုခြင်း၊  လူနာများအား ဗိုလ်လှဖေတံတားအတွင်း အသင့်ရှိနေသည့် ပရဟိတအရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခြင်းများကို စုပေါင်းဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်းသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းအဖွဲ့များက စုပေါင်းလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)