ရေဖြူမြို့နယ်၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြ

ရေဖြူ ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရေဖြူမြို့ (ခ)ရပ်ကွက် တောင်သူဦးနိုင်ထွေး၏ လယ်မြေ၃ဧကတွင် ကျင်းပရာ (က)၊ (ခ)ရပ်ကွက်၊ ညင်းထွေး၊ ကျောက်ထောင့်၊ နတ်တွင်းကျေးရွာအုပ်စုများရှိ လယ်စိုက်တောင်သူများ တက်ရောက်လေ့လာကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကိရိယာ(Seeder)အသုံးပြု၍ လယ်မြေများတွင် အစေ့ချစိုက်ပျိုးပုံနည်းစနစ်များကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူ (၆၀)ခန့် တက်ရောက်လေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)