ကျွန်းစုမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းအတွက် ကျေးရွာနေပြည်သူလူထုများအား မိတ်ဆက်ရှင်းလင်း၍ ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ် ၂၇ ရက်က ကမ်းကြီးကျေးရွာအုပ်စု ပြင်ထပ်အော်ကျေးရွာ၌ ဆောင်ရွက်သည်။