ကော့သောင်း မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကော့သောင်းမြို့နယ်အနေဖြင့် အထက(၁)စာစစ်ဌာန၊အထက(၂)တပ်နယ်စာစစ်ဌာန၊ အထက(ခမောက်ကြီး)စာစစ်ဌာန စုစုပေါင်း (၃)ခုဖြင့် ကျင်းပဆောင်ရွက်လျက်ရှိပြီး အထက(၁)စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား/သူ (၃၅၀)တွင် ဇီဝဗေဒဖြေဆိုသူ(၁၇၁)ဦး၊ ဘောဂဗေဒဖြေဆိုသူ ( ၁၆၃ ) ဦး၊ စုစုပေါင်းစာဖြေဆိုသူ(၃၃၄)ဦး၊ အထက(၂)တပ်နယ် စာစစ်ဌာနတွင် စာရင်းရှိ ( ၈၉)ဦးတွင် ဇီဝဗေဒဖြေဆိုသူ (၄၄)ဦး၊ ဘောဂဗေဒဖြေဆိုသူ (၃၇)ဦး၊စုစုပေါင်း(၈၁)ဦး၊ အထက (ခမောက်ကြီး) စာစစ်ဌာနတွင် စာရင်းရှိ(၅၆)ဦးတွင် ဇီဝဗေဒဖြေဆိုသူ(၄)ဦး၊ ဘောဂဗေဒဖြေဆိုသူ(၄၂)ဦး၊စုစုပေါင်းဖြေဆိုသူ(၄၆)ဦး ဖြင့် မြို့နယ်အနေဖြင့် ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်များကို ဖြေဆိုသူ (၉၃.၁၃)ရာခိုင်နှုန်း၊ ပျက် (၆.၈၇)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)