သရက်ချောင်း မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို (အ-ထ-က)သရက်ချောင်းကျောင်း စာစစ်ဌာနတစ်ခုတည်းတွင် မြို့နယ်အတွင်းမှ ကျောင်းသား/ကျောင်းသူ ၈၅ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့မွန်းလွဲ ၁၂နာရီတွင် နောက်ဆုံးနေ့ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတို့ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို (အ-ထ-က)သရက်ချောင်းကျောင်းစာစစ်ဌာနတစ်ခုတည်းဖြင့် နောက်ဆုံးနေ့ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတို့ကို ကျောင်းသား ၂၇ဦး၊ ကျောင်းသူ ၅၈ဦး၊ စုစုပေါင်း ၈၅ဦး ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၄၄ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)