ပုလောမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌ္ဓမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆို

ပုလော     မတ်      ၁၇

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပုလောမြို့နယ်အတွင်းရှိ အထက(၁) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ ဆဌ္ဓမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို မတ်လ ၁၇  ရက်နေ့  နံနက် ၉ နာရီတွင် အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဆဌ္ဓမနေ့)၌ ဇီဝဗေဒဘာသာရပ်တွင် ၇၁ ဦး၊ ဘောဂဗေဒ ဘာသာရပ်တွင် ၂၆၃ ဦး၊ စုစုပေါင်း ၃၃၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလောပြန်/ဆက်)