တနင်္သာရီတိုင်းဒေသကြီး

ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်း၌ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း  အသိပညာဗဟုသုတ  တိုးပွားပြီး ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြခြင်းဆောင်ရွက်

နင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက်ကာလအချိန် ကျောင်းသား၊ ကျောင်းသူ လူငယ်များအ‌နေဖြင့် စိတ်ဓာတ်ရေးရာ တိုးတက်ကောင်းမွန်‌စေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊  အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ် စိတ်ဓါတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ချမ်းဖန်း-ဟတ်စဒင်း-အော်ကြီးကျေးရွာချင်းဆက်လမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၀၄ ဒသမ ၁၉၆ သန်းဖြင့် လမ်းမိုင်(၀/၅-၁/၁.၆၂) အထိ မူလကျောက်လမ်း(၀/၄.၆၂)မိုင် အား ၂လက်မ-၄လက်မ ခွဲကျောက်ဖြင့် လမ်းမျက်နှာပြင်ညှိ ပြီး ၇လက်မထု ၁၂ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)နှင့် အခွန်ဆိုင်ရာ ကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၌  ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် အခွန်ဆိုင်ရာ ကိစ္စရပ်များ အသိပေးရှင်းလင်း ဆွေးနွေးပွဲကို မတ်လ  ၁၈ ရက်နေ့က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ခရိုင်အဆင့်စုပေါင်းရုံး အစည်းအဝေးခန့်မတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့နယ်ရှိ ကျေးရွာချင်းဆက်တံတား ဆောင်ရွက်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ပ‌ထော်-ပထက်ကျေးရွာချင်းဆက်တံတားတည်ဆောက်ပြီးစီးမှုနှင့် ပထော်ကျေးရွာ မြေသားလမ်းအား ကွန်ကရစ်လမ်း ဆောင်ရွက်‌ပေးနိုင်ရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တိုင်းဒေသကြီးညွှန်ကြား‌ရေးမှူး (မြို့ပြ) နှင့် တာဝန်ရှိသူများ မတ်လ (၁၇) ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ကရသူရိမြို့ ကလေးစာဖတ်ခန်း၌ ကာယ/ ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများ စိတ်ရွှင်လန်း၍ ပျော်ရွှင်စေရေး ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲကို မတ်လ ၁၈ ရက် နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌  ပြုလုပ်သည်။

သရက်ချောင်းမြို့နယ် (Community centre) ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂ဝ၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၁၈) ရက် နံနက် (၁ဝ) နာရီက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ဟမ်ဘာဂါ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်ကိုယ်တိုင်ပြုလုပ်၍ လုပ်ကိုင်စားသောက်ခြင်းဖြင့် အကုန်အကျသက်သာစေရန်ရည်ရွယ်၍ ဟမ်ဘာဂါပြုလုပ်နည်းသင်တန်းကို ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်သည်။

တနင်္သာရီမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR) နှင့်အခွန်ဆိုင်ရာကစ္စရပ်များအကြောင်း  အသိပညာပေး

တနင်္သာရီမြို့နယ်အတွင်းရှိ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအား ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR)နှင့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး