တနင်္သာရီ မတ် ၁၇
၂၀၂၆ခုနှစ် မတ် ၁၆ရက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ.ထ.က-တနင်္သာရီတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၁ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က-တနင်္သာရီကျောင်းစာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား ၈၃ဦး၊ ကျောင်းသူ ၁၄၉ဦး၊ စုစုပေါင်း ၂၃၂ ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား ၆၃ဦး၊ ကျောင်းသူ ၁၂၈ဦး၊ စုစုပေါင်း ၁၉၁ဦးရှိပြီး ကျောင်းသား ၂၀ဦး၊ ကျောင်းသူ ၂၁ဦး စုစုပေါင်း ၄၁ဦး ပျက်ကွက်ခဲ့ကြောင်းသိရသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စီမံခန့်ခွဲပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနှင့်စာစစ်ဌာနကြီးကြပ်ရေးမှူးတို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
တနင်္သာရီ(ပြန်/ဆက်)