ရေဖြူ မတ် ၁၇
ရေဖြူမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်၁၁ရက်မှ ၁၇ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၉နာရီက ရူပဗေဒဘာသာရပ်ကို စိတ်အေးချမ်းပျော်ရွှင် စွာဖြေဆိုပြီးဖြစ်သည်။
ရေဖြူမြို့နယ်တွင် ရူပဗေဒဘာသာရပ်ကို အ-ထ-က ရေဖြူ၌ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၁)ဦးစာရင်းရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၀၊ ပျက်ကွက်ကျောင်းသား(၁)ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၈.၃၆)ရာခိုင်နှုန်းရှိကြောင်းသိရပြီး သမိုင်းဘာသာရပ်ဖြေဆိုသူမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)