တနင်္သာရီတိုင်းဒေသကြီး

ကရသူရိမြို့၊လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသ‌ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ စာကြည့်တိုက်သို့လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူကလေးများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသ‌ ဆောင်ရွက်ခြင်းကို မတ်လ ၁၆ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာနှင့်သမိုင်းဘာသာ ဆက်လက်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာနှင့်သမိုင်းဘာသာကို ယနေ့နံနက်ပိုင်းက အ.ထ.ကဘုတ်ပြင်း စာစစ်ဌာနတွင်  ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဥ္စမနေ့ ရူပ‌ဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပုလောမြို့နယ်အတွင်းရှိ အ.ထ.က(၁) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ ပဥ္စမနေ့ ရူပ‌ဗေဒဘာသာရပ်ကို မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ တွင် အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆို

၂၀၂၆ခုနှစ်၊ မတ်လ ၁‌၄ ရက်နေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ.ထ.က-တနင်္သာရီတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၁ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ကော့သောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်၊ စာစောင်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

ထားဝယ်မြို့၌ လောင်စာဆီချွေတာရေး “စုံ” ရက်၊ “မ”ရက် ယာဉ်အသုံးပြုစီမံချက် ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးအသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လောင်စာဆီချွေတာရေးကိုရည်ရွယ်ပြီးအမှတ် ၇၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးသန်းဇော်ဝင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များ က ဒေသခံပြည်သူများအား “စုံ”ရက်၊ “မ”ရက် ယာဉ်အသုံးပြု စီမံချက်ပူးပေါင်းပါဝင်ဆောင်ရွက်ရေးအသိပညာပေးမှုကို မတ်လ ၇ ရက်နေ့မှစ၍ မတ်လ ၁၃ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိသည်။

ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရေနှင့်အာဟာရပြည့်မုန့်နှင့်ရေသန့်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တတိယနေ့အဖြစ် သင်္ချာဘာသာကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို မတ်လ ၁၂ ရက် နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး ကျေးလက်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ် အဆောက်အဦများတည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းအတွက် Swiss Challenge တင်ဒါဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများတည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းအတွက် Swiss Challenge တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး