တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့ (Community Centre) ခန်းမတွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များ အသိပညာများတိုးတက်မြှင့်မားစေရေး အခြေခံပညာအလယ် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေ (၃) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်း(ဝင်ငွေတိုးစီမံကိန်း)အား အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများမှ ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အတွင်းဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း (ဝင်ငွေတိုးစီမံကိန်း) အား အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြိတ်မြို့နယ် အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေး 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက် မေ (၂၂) ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များအား ကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိကြသည်။

ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ် စတင်လက်ခံ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ  ယနေ့ နံနက်ပိုင်းမှ  စတင်၍ ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။

ကွမ်းသီးအရည်သောက်(ခေါ်) ကွမ်းသီးအနုဈေးကွက်ကြောင့် လာမည့်နှစ် ကွမ်းသီးအခြောက်လုပ်ငန်း ဈေးကောင်းရနိုင်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အပါအဝင် ဒေသအနှံ့အပြားတွင် "ကွမ်းသီးအရည်သောက်" ဟုခေါ်သော ကွမ်းသီးအနု အရောင်းအဝယ်စျေးကွက်မှာ တွင်ကျယ်လျက်ရှိသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းတစ်ပတ်အဖြစ် ကျောင်းအပ်စတင်လက်ခံ

"ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းတစ်ပတ်အဖြစ် ယနေ့နံနက် ၉နာရီအချိန်မှစ၍ ဆရာ/ဆရာမများက ကျောင်းအပ်စတင်လက်ခံလျက်ရှိသည်။

သရက်ချောင်းမြို့နယ်၌ ရာသီပေါ်ဒူးရင်းသီးများ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံ လုပ်ကိုင်သူများသည် ယခုအချိန်တွင် ရာသီပေါ်ဒူးရင်းသီးပေါ်ထွက်ချိန်ကာလဖြစ်၍ ဒူးရင်းသီးများ ရောင်းချကြရာ ယခင်နှစ်ထက် ဈေးကောင်းရရှိသဖြင့် တောင်သူများ‌၏ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆင်ပြေလျက်ရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူ ဒေါ်တင်နုထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျွန်းစုမြို့တွင် ကျင်းပ

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်ကို ယနေ့ နံနက် (၈) နာရီ အချိန်က ကျွန်းစုမြို့၊ ကပကျေးရွာ၊ ကတန်ကျွန်းပတ်လမ်းနံဘေး သတ်မှတ်ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး