ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ် စတင်လက်ခံ

ပုလော မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ  ယနေ့ နံနက်ပိုင်းမှ  စတင်၍ ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၆၀)ကျောင်းရှိကြောင်း၊ “အရွယ်ရောက်သူ ကလေး အားလုံး ကျန်းမာရေးကောင်းမွန်ပြီး ပညာလေ့လာ သင်ယူနိုင်ရေးသည် ကျောင်းသား၊ မိဘ၊ဆရာများနှင့်အတူ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ (၂၂)ရက်နေ့မှ စတင်၍ ဇွန်လ (၁) ရက်နေ့ အထိ “ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံလက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)