ဘုတ်ပြင်း မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များ အသိပညာများတိုးတက်မြှင့်မားစေရေး အခြေခံပညာအလယ် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေ (၃) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပန်းချီပြိုင်ပွဲကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပန်းချီပြိုင်ပွဲကို ကျင်းပရာ ကျောင်း သား၊ ကျောင်းသူကလေးငယ်များ (၂၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများနှင့်ကလေးငယ်များက လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)