သရက်ချောင်း မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံ လုပ်ကိုင်သူများသည် ယခုအချိန်တွင် ရာသီပေါ်ဒူးရင်းသီးပေါ်ထွက်ချိန်ကာလဖြစ်၍ ဒူးရင်းသီးများ ရောင်းချကြရာ ယခင်နှစ်ထက် ဈေးကောင်းရရှိသဖြင့် တောင်သူများ၏ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆင်ပြေလျက်ရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူ ဒေါ်တင်နုထံမှ သိရသည်။
သရက်ချောင်းမြို့နယ်တွင် ရာသီပေါ်ဒူးရင်းသီးများ နှစ်စဉ်ဧပြီလအစောပိုင်းမှ ဩဂုတ်လအစောပိုင်းအထိ အများအပြား ပေါ်ထွက်လေ့ရှိပြီး တောင်သူများအနေဖြင့် ဒူးရင်းသီးများ ရောင်းချရာမှ ဈေးကောင်းရရှိပြီး ဒူးရင်းသီးတစ်လုံးလျှင် အရွယ်အစား အမျိုးမျိုးအလိုက် ၄၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ဈေးကောင်းရရှိကြောင်း ဥယျာဉ်ခြံ လုပ်ကိုင်သူ တောင်သူများထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)