ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိ

ကျွန်းစု မေ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၆၅)ကျောင်းရှိရာ အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာများက မူ၊ လယ်၊ ထက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ (၂ရက်နေ့မှ စတင်၍ ဇွန်လ()ရက်နေ့အထိ “ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံလက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)