သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းတစ်ပတ်အဖြစ် ကျောင်းအပ်စတင်လက်ခံ

သရက်ချောင်း    မေ   ၂၂

"ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းတစ်ပတ်အဖြစ် ယနေ့နံနက် ၉နာရီအချိန်မှစ၍ ဆရာ/ဆရာမများက ကျောင်းအပ်စတင်လက်ခံလျက်ရှိသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းတစ်ပတ်ဖြင့် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ မြို့နယ်ပညာရေးမှူး ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျောင်းများ၏ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းအပ်နှံရေး လုပ်ငန်းများကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းအပ်နှံသည့်အခါ ကျောင်းသား/သူမိဘများထံမှ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိသည့်အပြင် ကျောင်းသား/သူများ အခက်အခဲမရှိ ပညာသင်ကြားနိုင်ရေး ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည့် ကျောင်းသုံးပစ္စည်းများကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ ပညာရေးမှူးရုံးမှ သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)