တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ မိုးရာသီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများ မြိတ်ခရိုင် လုထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို အောက်တိုဘာ(၁၇)ရက် နံနက်(၁၀) နာရီခွဲက ပြုလုပ်သည်။

ပုလောမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပုလောမြို့နယ် ပညာရေးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ မြို့တော်ခန်းမ (၁) ၌ကျင်းပခဲ့သည်။

မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သရုပ်ဖော်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၅ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့၌ ကျရောက်သော “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်” သရုပ်ဖော်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ  ၁၃ ရက်နေ့ နံနက် ၁၀ နာရီက မြိတ်မြို့ အ-ထ-က(၁) ပညာ့ဗိမာန်ခန်းမတွင် မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ သည်။

ပုလောမြို့နယ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာနှင့် စုပေါင်းပဒေသာပင်(၄၅)ပင်ကို မဲဖေါက်၍ ဆက်ကပ်လှုဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ဌာနဆိုင်ရာများနှင့် ရတနာမိုးပါရမီရှင်များ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့၊ လယ်ဝိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ပထော်ကျေးရွာနှင့် ပထက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌  (စတုတ္ထအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး‌ပေးအပ်

‎တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ခုနှစ် မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများ၊ ဆောင်းသီးနှံ မတ်ပဲနှင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် တောင်သူများအား (စတုတ္ထအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်းအခမ်းအနားကို ထားဝယ်မြို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ကျွန်းစုမြို့၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံများနှင့် တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြိတ်ကက်သလစ်သာသနာနှင့်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော ဒေသခံတိုင်းရင်းသားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအစီအစဉ်အတွက် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဝါးချောင်း‌ကျေးရွာ၌ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး