တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ နို့စားနွားအခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သော နို့စားနွားအခြေခံမွေးမြူရေးသင်တန်းကို မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများဖြင့် ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

သရက်ချောင်းမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥပဒေရုံးမှ ဖွင့်လှစ်‌သော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသော အခြေခံပညာ မူ/လယ်အဆင့် ကျောင်းသား/ သူများ  Placement Test (အထူးအစီအစဉ်) စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ    

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူ/လယ်အဆင့် ကျောင်းသား/ ကျောင်းသူများ Placement Test (အထူးအစီအစဉ်) စာမေးပွဲအောင်စာရင်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် ပုလောမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မြိတ်မြို့ စံကျောင်းတိုက်တွင် သုတဓမ္မ ဒီပလိုမာတန်းနှင့် သုတဓမ္မဂဝေသီတန်း စာမေးပွဲများကျင်းပ

ပညာဘူမိတက္ကသိုလ် (University of Wisdom Land)မှ ကြီးမှူး၍ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏ ဩဝါဒလမ်းညွှန်ချက်နှင့်အညီ သုတဓမ္မစာမေးပွဲများကို  နိုင်ငံတစ်ဝန်းရှိ စာဖြေဌာနများတွင်  ကျင်းပရာ တနင်္သာရီစာဖြေဌာန(၁)အဖြစ်  မြိတ်မြို့ တပ်ပြင်ရပ်ရှိ စံကျောင်းတိုက်တွင် ကျင်းပသည်။

ကော့သောင်းမြို့၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (ToT) ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(ToT)ဖွင့်ပွဲကို ကော့သောင်းမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက  ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများကို ဇွန် ၂၉ ရက် မွန်းလွဲပိုင်းက ညောင်းဘီးကျေးရွာအုပ်စုရှိ အထကကျောင်း၌ ကွင်းဆင်း အသိပညာပေးဟောပြောသည်။

ကော့သောင်းမြို့နယ် (၁၀) မိုင်ဥယျာဉ်ခြံတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာသင်တန်းနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ (၁၀)မိုင်ဉယျာဉ်ခြံတွင်  စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP) စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာသင်တန်းနှင့် ကွင်းသရုပ်ပြပွဲကို ယ‌နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ပုလောမြို့နယ်ရှိ  ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြည်သူ့ဆေးရုံမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြုံးချို ဦးဆောင်သောအဖွဲ့သည် ပုလောမြို့ အမှတ် ၂ ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဇွန် ၂၉ ရက် မွန်းလွဲပိုင်းက  ပြည်သူများအား ကွင်းဆင်းပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။

ဘုတ်ပြင်းမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်း(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး