သရက်ချောင်းမြို့နယ်၌ နို့စားနွားအခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

သရက်ချောင်း ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သော နို့စားနွားအခြေခံမွေးမြူရေးသင်တန်းကို မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများဖြင့် ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာလမင်းကိုကိုက နို့စားနွားအခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် သင်တန်းတွင် နို့စားနွားမွေးမြူရာတွင် အခြေခံကျသည့်နည်းလမ်းများ အကြောင်း၊ ကူးစက်ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ အကြောင်း၊ အစာကျွေးရာတွင် အသုံးဝင်သည့် နည်းလမ်းများ၊ ကာကွယ်ဆေးထိုးနှံသည့် နည်းလမ်းများအကြောင်းကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအား နို့စားနွားအခြေခံမွေးမြူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)