တနင်္သာရီတိုင်းဒေသကြီး

ခမောက်ကြီးမြို့၌ နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ မိခင်နှင့်ကလေးကျန်းမာ‌ရေး ပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ခမောက်ကြီးမြို့ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာ၌ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ ကျင်းပသည်။

မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အကျင့်စာရိတ္တကောင်းမွန်ပြီး အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင် ရွက်တတ်သည့် အုပ်ချုပ်ရေးမှူး/အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ဖြစ်လာစေရန်အတွက် မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂၆)ကို ယမန်နေ့က ပုလဲရတနာခန်းမတွင် ဖွင့်လှစ်သည်။

ဘုတ်ပြင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်ကောင်းမျိုးစပါး ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်များရှိ   စံပြကျေးရွာတောင်သူများနှင့်အကျိုးဆောင် တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်ကောင်းမျိုးစပါး ပေးအပ်ပွဲကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့ သပြေခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ အားကစားအသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမျိုးသမီးရေးအဖွဲ့ နှင့် မိခင်နှင့်ကလေး စောက်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍အားကစားအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ထားဝယ်မြို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း(၃/၂၀၂၆)ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာ ဝန်ထမ်းများကို အရည်အချင်းပြည့်ဝသော အခမ်းအနားမှူးကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်း(၃/၂၀၂၆)ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး  ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ (၁) ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ နို့စားနွားအခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သော နို့စားနွားအခြေခံမွေးမြူရေးသင်တန်းကို မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများဖြင့် ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး