ကော့သောင်းမြို့၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (ToT) ဖွင့်လှစ်

ကော့သောင်း  ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(ToT)ဖွင့်ပွဲကို ကော့သောင်းမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက  ကျင်းပသည်။

 အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က အဖွင့်အမှာစကားပြောကြားကာ ခရိုင်ဥပဒေအရာရှိ ဒေါ်ဝါဝါချိုက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်း‌ပြောကြားသည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(ToT)တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းသင်တန်းသား/သင်တန်းသူ  ၅၄ ဦး တက်ရောက်ပြီး မြို့နယ်ဥပဒေအရာရှိနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိတို့က သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)