ပုလော ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူ/လယ်အဆင့် ကျောင်းသား/ ကျောင်းသူများ Placement Test (အထူးအစီအစဉ်) စာမေးပွဲအောင်စာရင်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် ပုလောမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေပြီး၊ အသက် ၇-နှစ် Grade-1 ၊အသက် ၈-နှစ် Grade-2၊ အသက် ၉-နှစ် Grade-3 ၊ အသက် ၁၀-နှစ် Grade-4၊ အသက် ၁၁ -နှစ် Grade-5 ၊ အသက် ၁၂-နှစ် Grade-6၊ အသက် ၁၃-နှစ် Grade-7 ၊ အသက် ၁၄-နှစ် မှ ၁၅-နှစ် ၃-လ အထိ Grade-8 အတန်းများဖြင့် စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ၂၉၂ ဦးရှိခဲ့ပြီး ၅၈ ဦးအောင်မြင်ခဲ့ကြောင်း သိရ သည်။
Grade-1 မှ Grade-8 အတန်းအထိ အောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများ ၅၈ ဦးအနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မိမိတို့ဆန္ဒပြုထားသည့် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ၍ ကျောင်းတက်ရောက်နိုင်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပုလော (ပြန်/ဆက်)