ပုလောမြို့နယ်ရှိ  ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ပုလော

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြည်သူ့ဆေးရုံမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြုံးချို ဦးဆောင်သောအဖွဲ့သည် ပုလောမြို့အမှတ် ၂ ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဇွန် ၂၉ ရက် မွန်းလွဲပိုင်းက  ပြည်သူများအား ကွင်းဆင်းပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။

ထိုသို့ ကွင်းဆင်းဆေးကုသပေးခြင်းသည် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊   ဆေးရုံတက်ရောက် ဆေးကုသမှုခံယူရန်လိုအပ်သည့် ဝေဒနာရှင်များ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် ပြန်ဆက်