မြိတ် ဇွန် ၃၀
ပညာဘူမိတက္ကသိုလ် (University of Wisdom Land)မှ ကြီးမှူး၍ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏ ဩဝါဒလမ်းညွှန်ချက်နှင့်အညီ သုတဓမ္မစာမေးပွဲများကို နိုင်ငံတစ်ဝန်းရှိ စာဖြေဌာနများတွင် ကျင်းပလျက်ရှိရာ တနင်္သာရီစာဖြေဌာန(၁)အဖြစ် မြိတ်မြို့ တပ်ပြင်ရပ်ရှိ စံကျောင်းတိုက်တွင် ကျင်းပသည်။
သုတဓမ္မစာမေးပွဲများကို ဒီပလိုမာတန်း Level 1,2,3 နှင့် BA တန်း (Par 1,2,3) အဆင့်များ ပါဝင်ပြီး နိုင်ငံတစ်ဝှမ်းတွင် စာမေးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိကာ အဆိုပါစာမေးပွဲကို ဗုဒ္ဓဘာသာဆိုင်ရာ အသိပညာဗဟုသုတများကို တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
တနင်္သာရီစာဖြေဌာန(၁)တွင် သုတဓမ္မဒီပလိုမာတန်းနှင့် သုတဓမ္မဂဝေသီတန်းစာမေးပွဲကို ဇွန်(၂၇)ရက်နှင့်(၂၈)ရက်တွင် သုတဓမ္မစာမေးပွဲများကျင်းပရာ ပထမနေ့တွင် ဝင်ရောက်ဖြေဆိုသူ(၅၈)ဦးရှိ၍ ဒုတိယနေ့တွင် ဝင်ရောက်ဖြေဆိုသူ(၈၇)ဦးရှိပြီး စုစုပေါင်း(၁၄၅)ဦး ဖြေဆိုကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)