ကော့သောင်း ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ (၁၀)မိုင်ဉယျာဉ်ခြံတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP) စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာသင်တန်းနှင့် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်ဇော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန (၁၀)မိုင်ဉယျာဉ်ခြံဦးစီးမှူး ဒေါ်ရီရီစိန်က စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ဥယျာဉ်ခြံလုပ်ကိုင်နေသူများအား စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာသိသင့်သိထိုက်သည်များ ရှင်းလင်းပို့ချခဲ့ပြီး ဥယျာဉ်ခြံအတွင်းစိုက်ပျိုးထားရှိမှုများအား လိုက်လံပြသ၍ စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းကောင်းများ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်စိုက်ပျိုးရေးဌာနခွဲမှတာဝန်ရှိသူများ၊ အကျိုးဆောင်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ခရိုင် (ပြန်/ဆက်)