တနင်္သာရီတိုင်းဒေသကြီး

ပြည်ကြီးမဏ္ဍိုင်မြို့ဒေသခံများအနေဖြင့်  မှိုမုန့်သန်းများ ခူးဆွတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်တို၊ နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့်  အသီးအရွက်များကိုလည်း ဆွတ်ခူးရောင်းချလျက်ရှိရာဒေသခေါ် မှိုမုန့်သန်းများ ဈေးကောင်းရကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)ကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြော ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်/ကျေး အသက် (၂၅) နှစ်အောက် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်မြို့တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်/ကျေး အသက် (၂၅) နှစ်အောက် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန် ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသထွက် ကြက်မောက်သီးများစတင်ထွက်ရှိ၍ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ဒေသခံပြည်သူများသည် နှစ်တို၊ နှစ်ရှည်ပင်များကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ယခုအခါ ဒေသထွက်ကြက်မောက်သီးများ စတင်ထွက်ရှိနေပြီး ဈေးကောင်းရရှိလျက်ရှိသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းနှင့်ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Busဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့သည်။

ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးရက် ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကြီးကို ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၄)ရက်မှစ၍  ဇွန်လ (၁၀) ရက်နေ့ထိ ကျင်းပလျက်ရှိသည်။

ခမောက်ကြီးမြို့တွင် ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲပြသခြင်းကို ယမန်နေ့က ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီပေါ်မင်းဂွတ်သီးများ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်ရှည်ပင်များ ဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ရော်ဘာ၊ ဒူးရင်း၊ မင်းဂွတ်၊ နာနတ်၊ ကျွဲကောများကို မိမိတို့၏ခြံဝန်းများနှင့် ဉယျာဉ်ခြံများတွင် အဓိကစိုက်ပျိုးလုပ်ကိုင်ကြရာ ယခုအခါ ဒေသထွက် ရာသီပေါ်မင်းဂွတ်သီးများ ဈေးကောင်းရရှိလျက်ရှိသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ဟောပြောပွဲနှင့်နံရံကပ်စာစောင် ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး