ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ခြင်ကျားပေါက်ဖွားပုံအဆင့်ဆင့်၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလန့်သည့် လက္ခဏာများ၊ ခြင်ကျားပေါက်လေ့ရှိသောနေရာများ၊ အိမ်တွင်း၌ပြုစုကုသခြင်းနည်းလမ်းများ၊ ခြင်မခိုအောင်းနိုင်ရန် အိမ်တွင်းအိမ်ပြင် ရှင်းလင်းရမည့်အချက်များ အစရှိသည်တို့ကို အသိပညာဗဟုသုတများရရှိစေရန် ဟောပြောခဲ့သည်။
ဆက်လက်၍ သွေးလွန်တုပ်ကွေး၊ ပလတ်စတစ်ဆိုးကျိုးနှင့် ပတ်သက်၍ သိသည့်သိထိုက်သည့်အကြောင်းအရာများ ပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့်များအား ပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)