မြိတ်မြို့တွင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များအား နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်လွတ်ကင်းမှု၊ လျော့နည်းမှု၊ ရှောင်တိမ်းမှုမရှိစေရေးတို့အတွက် ဇွန်လ (၉) ရက် နေ့လယ် (၁) နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးသည်။