ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်တို၊ နှစ်ရှည်ပင်များကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအခါ ဒေသထွက်ကြက်မောက်သီးများ စတင်ထွက်ရှိနေပြီး ဈေးကောင်းရရှိလျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံများသည် ဥယျာဉ်ခြံများအတွင်း ကြက်မောက်ပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ယိုးဒယားကိုင်းဆက်မျိုးနှင့် မြန်မာသီးမျိုးဟူ၍ (၂)မျိုးရှိပြီး ယခုချိန်၌ ယိုးဒယား ကိုင်းဆက်သီးများစတင်ထွက်ရှိရာ ကြက်မောက်သီး(၁)လုံးလျင်(၂၀၀)ကျပ် ရရှိပြီး ထွက်ရှိသည့် အသီးများကို လေညာ၊ မဏ္ဍိုင်ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ ခြံတွင်းသို့ ကိုယ်တိုင်လာရောက် ဝယ်ယူခြင်းများလည်းရှိကြောင်း သိရသည်။
ကြက်မောက်ပင်များသည် ပူနွေးစိုဆွတ်သော ရာသီဥတုကိုကြိုက်ပြီး စိုက်ပျိုးသောနေရာမှာ ရေမဝပ်သောနေရာဖြစ်ပြီး မြေကျင်း အနက်နှင့် အကျယ်ကို (၂)ပေ ပတ်လည် တူး၍ တစ်ပင်နှင့်တစ်ပင်ကို (၁၅)ပေခန့်ခြားပြီး စိုက်ပျိုးကြောင်း စိုက်ပျိုးပြီးပြီးခြင်း (၁)လ တစ်ကြိမ် မြေဩဇာကျွေးကြောင်း၊ အစေ့ပျိုးပင်မှာ စိုက်ပြီး (၆)နှစ်အကြာ၊ ကိုင်းဆက်မျိုးမှာမြေချပြီး နှစ်ချင်းသီးကြောင်း ကြက်မောက်ခြံ ပိုင်ရှင်တစ်ဦးထံမှသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)