ခမောက်ကြီးမြို့တွင် ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ခမောက်ကြီး ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲပြသခြင်းကို ယမန်နေ့က ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာ‌ပေးနံရံကပ်ပြပွဲဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကလေးအလုပ်သမားဆိုင်ရာ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးစာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများအား ကျောင်းဝင်းအတွင်းရှိ နံရံကပ်ပြဘုတ်တွင် ကပ်နှံဆောင်ရွက်ပြသခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)