ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီပေါ်မင်းဂွတ်သီးများ ဈေးကောင်းရရှိ

ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်ရှည်ပင်များ ဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ရော်ဘာ၊ ဒူးရင်း၊ မင်းဂွတ်၊ နာနတ်၊ ကျွဲကောများကို မိမိတို့၏ခြံဝန်းများနှင့် ဉယျာဉ်ခြံများတွင် အဓိကစိုက်ပျိုးလုပ်ကိုင်ကြရာ ယခုအခါ ဒေသထွက် ရာသီပေါ်မင်းဂွတ်သီးများ ဈေးကောင်းရရှိလျက်ရှိသည်။

ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ  ခြံဝန်းများနှင့်ဉယျာဉ်ခြံများတွင် မင်းဂွတ်ပင်များ စိုက်ပျိုးကြရာ စိုက်ပျိုးသည့်အပင်များမှာ စိုက်ပျိုးပြီး (၁၅) နှစ်ခန့်တွင် အသီးများ စတင်ခူးစွတ်နိုင်ကြောင်း မင်းဂွတ်သီးပေါ်ချိန် အလုံးကြီး (၁) လုံးလျှင် (၄၀၀) ကျပ်၊ အလုံးငယ်လျှင် (၃)လုံး (၁၀၀၀) ကျပ်အထိ ဈေးရရှိကြောင်း သိရသည်။ 

ယခုအခါ ဒူးရင်းသီးများပေါ်သည့် ရာသီဖြစ်သဖြင့် အပူဓာတ်ကို သက်ရောက်စေသည့် ဒူးရင်းသီးကို စားသုံးပါက ဆန့်ကျင်ဘက်အအေးဓာတ်စာမင်းဂွတ်သီးကို တွဲဖက်၍ စားသုံးသင့်ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)