တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနား ကျင်းပပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်း အနားကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀  နာရီအချိန်က ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် သက်သေခံပစ္စည်း Sulphuric Acid များမြေမြှုပ်ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့မ ရဲစခန်း မယ(ပ)၇၇/၂၀၂၄ အမှုမှ သက်သေခံပစ္စည်း Sulphuric Acid ၁,၇၅၀ ကီလိုဂရမ်ခန့်အား မြေကျင်းတူး၍ ဒေသတွင်းမြေမြှုပ်ဖျက်ဆီး‌ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စုရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်သည့်နေရာအနီးတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ ကော့သောင်းပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်(၁၀)နာရီခန့်က ဆောင်ရွက်ခဲ့သည်။

ထားဝယ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်  စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ဇွန်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးဆောင်၍ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပ လူနာဌာနအပေါ်ထပ်၊ အမျိုးသားသွေးလှူဘဏ်၌ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ကလေးအလုပ်သမားတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

တိုးတက်မှုများထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်စို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကော်မတီဝင်များကြီးကြပ်မှုဖြင့် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်အား ဇွန်လ ၁၂ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သရက်ချောင်းမြို့၊ မြို့တော်ခန်းမရှေ့တွင် စိုက်ထူခဲ့သည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းဖွင့်ပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမွေးမြူရေးနှင့် တိရိစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းဖွင့်ပွဲကို  ယနေ့နံနက်က ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်-၁ ကျေးရွာ၊ ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ မူလွန်-ကျွေးချောင်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်   

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကမာချောင်းကျေးရွာအုပ်စု၊ အေးချမ်းမြိုင် (၂) ကျေးရွာ မူလွန်-ကျွေးချောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့၊ ကော့ဗမာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ၌ ကျောက်ထနောင်းတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပညာသီရီအောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း တိုက်၌ ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး