ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းနှင့်ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်၊ ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း ဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး (Abate) ခတ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင် ရပ်ကွက်အတွင်းရှိ နေအိမ်များ၏ သောက်သုံးရေကန်များ၊ ရေစည်၊ရေအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဌာနဆိုင်ရာ ရုံးများကျောင်းများနှင့် ကျန်ရှိနေသော ရပ်ကွက်ကျေးရွာများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)