ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးရက် ဖြေဆို

ကော့သောင်း  ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကြီးကို ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၄)ရက်မှစ၍  ဇွန်လ (၁၀) ရက်နေ့ထိ ကျင်းပလျက်ရှိသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် နာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေးဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီးယနေ့သတ္တမမြောက်နေ့တွင် ပထမကြီးတန်းများက ဘာသာပြန်ဘာသာရပ် ဖြေဆိုလျက်ရှိသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင်  ကော့သောင်းမြို့နယ် စာသင်တိုက်အသီးသီးမှ  အခြေပြုမူလတန်း( ၃၉)ပါး၊ ပထမငယ်တန်း (၂၄)ပါး၊ ပထမလတ်တန်း(၁၉) ပါး၊ ပထမကြီးတန်း (၇)ပါး၊ စာဖြေသံဃာစုစုပေါင်း (၈၉)ပါး ဖြေဆို‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)