ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း(၃/၂၀၂၆)ဖွင့်လှစ်

ထားဝယ်    ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာ ဝန်ထမ်းများကို အရည်အချင်းပြည့်ဝသော အခမ်းအနားမှူးကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်း(၃/၂၀၂၆)ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

သင်တန်းတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ယဉ်ယဉ်နုက အခမ်းအနားမှူးဆိုသည်မှာ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ အခမ်းအနား၊ သင်တန်း၊ ဘာသာရေး အခမ်းအနားစသည်များတွင်အခမ်းအနားပြီးစီးအောင်တာဝန်ထမ်းဆောင်ခြင်းကို အခမ်းအနားမှူးဟုခေါ်ဆိုကြောင်း၊  ယနေ့ ခေတ်တွင်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာသည်နှင့်အမျှ ပြည်သူများနှင့်ထိတွေ့ဆက်ဆံရာတွင် အဖွဲ့အစည်း၏ပုံရိပ် ကောင်းတစ်ရပ် ပေါ်ထွက်လာစေရေးအတွက် အခမ်းအနားကျင်းပမှုများကိုလည်း စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဌာနမှဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအကြောင်းနှင့် အခမ်းအနားမှူးတစ်ဦး သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန် အချက်များကိုအကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ဌာနဆိုင်ရာသင်တန်းသား(၃၀) အား Master of Ceremony (M.C) တစ်ဦးတွင် ရှိရမည့် အရည်အချင်းများ၊  အခမ်း အနား မှူး၏ဝတ်စားဆင်ယင်မှု၊ အသံအနေအထား၊ မိုက်ကရိုဖုန်း နှင့်ပြောဆိုရမည့်နည်းလမ်းများ၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့်၊စကားလုံးအသုံးအနှုန်းများ စသည်တို့ကို ဇူလိုင် ၃ ရက်အထိ လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ကြောင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် အသိပညာပေးသင်တန်းများကို ဆက်လက်ဖွင့်လှစ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)