သရက်ချောင်း ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကျင်းပသည်။
အခမ်းအနားတွင် ကျောင်းကောင်စီအဖွဲ့ဝင်များနှင့် ကျောင်းသား/သူများက ကျောင်းကောင်စီသီချင်းဖြင့် သံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့ပြီးနောက် သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက ကျောင်းကောင်စီအဖွဲ့ဝင်များနှင့် ကျောင်းသား/သူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းကာ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကောင်စီအမှုဆောင်အမည်များစာရင်းကို ကျောင်းကောင်းစီ ဒုတိယဥက္ကဋ္ဌ ဒေါ်မီမီချိုက ဖတ်ကြားပေးခြင်း၊ ကျောင်းကောင်စီကတိသစ္စာ (၄)ချက်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက ဖတ်ကြားရာ ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် တစ်ကျောင်းလုံးကတိသစ္စာခံယူခြင်းပြီး၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တာဝန်အထိမ်းအမှတ်အလံများအား ကျောင်းအုပ်ဆရာမကြီးက ပေးအပ်ရာ အသင်း(၅)သင်းမှ ကျောင်းကောင်စီအဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီးနောက် နိုင်ငံတော်
သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)