ကျွန်းစုမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

ကျွန်းစု ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ ကျင်းပသည်။

ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင် ဒေါ်နှင်းနှင်းလှိုင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင် ဒေါ်လှသန္တာဝင်းက ဟောပြောပွဲ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်မေဖြိုးကျော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးတို့က မြန်မာအမျိုးသမီးများအား ကာကွယ်ပေးထားသည့် အခွင့်အရေး ဥပဒေများနှင့် ကျား၊ မရေးရာတို့နှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ထက်မြင့် (ကျွန်းစု)