တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ‌ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက မွေးကင်းစမှအသက်(၂)နှစ်အောက်  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်ပထမပတ်အတွင်း ရပ်ကွက်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အောင်သုခရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်လည်းကောင်း နေ့လယ်ပိုင်းတွင် ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူများ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ထားဝယ်ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် ၂/၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုနည်းဆိုင်ရာ(ပထမအကြိမ်)ဆင့်ပွားသင်တန်း‌ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ (ပထမအကြိမ်)ဆင့်ပွားသင်တန်း‌ ကို ကော့သောင်းမြို့၊ အ-ထ-က(ခွဲ)၊ အ-လ-က(၂)ကျောင်းတွင် ဩဂုတ်လ(၃)ရက်နေ့မှ(၄)ရက်နေ့ထိ (၂)ရက်တာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ကော့‌သောင်းမြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်မီးသတ် ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခန့်က ကော့သောင်းခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ သ‌န္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်းနှင့် ပရဟိတအသင်းများ တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အသေးစားချေးငွေလုပ်ငန်းမှ ငွေချေးသူများကို ဆန်နှင့် ဆီပေးအပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အသေးစားချေးငွေလုပ်ငန်းမှ ငွေချေးသူများကို ဆန်နှင့် ဆီပေးအပ်ပွဲကို ယမန်နေ့က အဆိုပါချေးငွေရုံးတွင် ကျင်းပခဲ့သည်။

မြိတ်မြို့တွင် ပင်လယ်ငါးသယံဇာတစီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းကဏ္ဍ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပင်လယ် ငါးသယံဇာတစီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။

မြိတ်ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကျက်သရေဆောင်လေးကျွန်းဆီမီးစေတီတော်တွင် မြိတ်မြို့ပေါ်ရှိဂိုဏ်းပေါင်းစုံဘုန်းတော်ကြီးကျောင်း(၁၀၀)မှ ဝါဆိုသံဃာ တော်အပါး(၁၀၀)အား မြိတ်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာရှင် အလှူရှင်များ၏စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်တွင် ဩဂုတ်(၂) ရက် နေ့လယ်(၁)နာရီက ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး