ကော့သောင်း ဩဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ (ပထမအကြိမ်)ဆင့်ပွားသင်တန်း ကို ကော့သောင်းမြို့၊ အ-ထ-က(ခွဲ)၊ အ-လ-က(၂)ကျောင်းတွင် ဩဂုတ်လ(၃)ရက်နေ့မှ(၄)ရက်နေ့ထိ (၂)ရက်တာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းတွင် အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့်ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲရုံတွင် အီလက်ထရောနစ် မဲပေးစက်များ အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့်စမ်းသပ်မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ အရန်စက် လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲပေးစက်အသုံးပြုခြင်းလုပ်ငန်းစဉ်များ၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်းစသည့် လုပ်ငန်းစဉ်များ ပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါ (ပထမအကြိမ်) ဆင့်ပွားသင်တန်းတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများက ဆရာ၊ဆရာမသင်တန်းသား၊ ကျောင်းသူ (၁၀၆)ဦးအား (၂)ရက်တာ သင်တန်းပို့ချလျက်ရှိပြီး၊ ကော့သောင်းခရိုင်အနေဖြင့် ဆင့်ပွားသင်တန်းများကို အမှတ်စဉ် (၄)ခုဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။