တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ထားဝယ် ဩဂုတ် ၃

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများ ကအမှတ်(၅)အခြေခံပညာအထက် တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်၍ ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေး သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်မြို့တော်ခန်းမ အဆောက်အဦတည်ဆောက်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက  အဆောက်အဦ ဆောက်လုပ်နေမှုအခြေအနေများ၊ ထားဝယ်မြို့တော်ခန်းမ လမ်းခင်းခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု(မြေဖို့ခြင်း၊ ရေမြောင်းနှင့် ရေမြောင်းဖုံး )၊ ကားပါကင်တည်ဆောက်ခြင်းနှင့် ကွန် ကရစ်ခင်းခြင်းလုပ်ငန်း၊ မြေကာနံရံတည်ဆောက်နေမှု၊ အဝင်လမ်းအား Box Culvert နှစ်စင်းတည်ဆောက်ခြင်း၊ အုတ်စီရေမြောင်းနှင့်ရေမြောင်းဖုံးပြုလုပ်နေမှု၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့် လုပ်ငန်းများ၊ အဆောက်အဦပြင်ပ ဆက်စပ်လုပ်ငန်းများနှင့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  မြို့တော်ခန်းမနံရံအလှဆင်ခြင်းလုပ်ငန်းများနှင့် အသံထိန်းနံရံများ ဆောင်ရွက်နေမှုအား အချိန်မီပြီးအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားပြီး အဆောက်အဦအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်(၁) အခြေခံပညာအထက်ကျောင်းဝင်းအတွင်း တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် Hall ခန်းမအား ကြည့်ရှုစစ်ဆေးကာ Hall ခန်းမနှင့် ကျောင်း၏လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားကြောင်းကာ ဆရာ/မများအားရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြက်စားပြင်ရပ်၊ ကမ်းနားလမ်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနံဘေး ရေကန်အား ကြည့်ရှုစစ်ဆေးပြီး ကြက်စားပြင်ရပ်၊ အကောက်ခွန်ဦးစီးဌာနရုံးနှင့် သဲကွင်းဆိပ်တံတားအကြား မြေထိန်းနံရံအပေါ် လက်ရန်တပ်ဆင်ခြင်းလုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးနှင့်ငါးလေးလံဈေးအကြား မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး မြောင်းပုလဲတံတားမှ ကမ်းနားဈေး အထိ (1.52 ) ကီလိုမိတာ  နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းအားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်ရေရှည်ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းလုပ်ငန်းများပြီးစီးရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)