မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အသေးစားချေးငွေလုပ်ငန်းမှ ငွေချေးသူများကို ဆန်နှင့် ဆီပေးအပ်

မြိတ်  ဩဂုတ် ၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အသေးစားချေးငွေလုပ်ငန်းမှ ငွေချေးသူများကို ဆန်နှင့် ဆီပေးအပ်ပွဲကို ယမန်နေ့က အဆိုပါချေးငွေရုံးတွင် ကျင်းပခဲ့သည်။

ပေးအပ်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလှသန်းက အသေးစား ချေးငွေလုပ်ငန်းမှ ငွေချေးသူများအား ဆန်၊ ဆီများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးသက်စိုးက စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး  အသေးစားချေးငွေ လုပ်ငန်းမှ ငွေချေးသူ(၁၂၄၇)ဦးကို တစ်ဦးလျှင် ဆန်(၆)ပြည်တစ်အိတ်စီ၊ ဆီ(၁)ဘူးစီနှင့် ငွေ(၂၀၀၀၀)ကျပ်စီကို တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)