ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် UIDကတ်ပြားများ ဆောင်ရွက်ခြင်းကို ယမန်နေ့က ကော့သောင်းမြို့နယ်၊ ၈မိုင်ကျေးရွာ၊ ဝေနေယျာသုခ ပရဟိတကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။