တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အမြင့်ဆုံးကျောင်း၊ သင်ကြားပေးသောဆရာ/ဆရာနှင့် ဂုဏ်ထူးထွက်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တနင်္သာရီ ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အမြင့်ဆုံးကျောင်း၊ ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမနှင့် ဂုဏ်ထူးထွက်သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က (တနင်္သာရီ) ကျောင်းမှ ကျောင်းသူလေးများက ပညာပန်းခင်းတေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက အောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံး ပထမဆုရရှိသော အ.ထ.က (တနင်္သာရီ) ကျောင်း ဒုတိယရရှိသော အ.ထ.က(မော်တုန်းကျောင်း)၊ တတိယဆုရရှိသော အ.ထ.က(မောတောင်)ကျောင်းနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာမ (၂) ဦးနှင့် ဂုဏ်ထူး (၁) ဘာသာရ ကျောင်းသား/ ကျောင်းသူ (၂) ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထိုနောက် အ.ထ.က(တနင်္သာရီ)ကျောင်း ပညာရတနာခန်းမ၌ အခမ်းအနားသို့ တက်ရောက်လာကြသူများအား နေ့လည်စာဖြင့်တည်ခင်း ဧည့်ခံခဲ့ပါသည်။

အခမ်းအနားသို့ အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ.ထ.က-ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)