တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီမြို့နယ် မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုတို့က ဝါဆိုသင်္ကန်းနှင့်အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်ရှိ မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများစုပေါင်း၍ ဝါဆိုသင်္ကန်းနှင့်အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းကို ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆုတ် (၁၀) ရက် ယနေ့နံနက် (၆) နာရီက မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် ပင်လယ်ပြင်ခရီးသွားသူများအနေဖြင့် အသက်ကယ်အင်္ကျီ ဝတ်ဆင်စေရေးကြပ်မတ်

တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်ကော့သောင်းမြို့တွင်  ပင်လယ်ပြင်ခရီးသွားသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချစွာခရီးသွားလာနိုင်ရေးအတွက် အသက်ကယ်အင်္ကျီဝတ်ဆင်စေရေး ကြပ်မတ်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းကမ်းနားရှိ လှေဆိပ်တွင်ဆောင်ရွက်သည်။

ကော့သောင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်ရှိ ချောင်းစလန်း‌ကျေးရွာနှင့် (၁၅) မိုင်ကျေးရွာ ကျေးရွာချင်းဆက်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂၃၈ ဒသမ ၅၄၅) သန်းဖြင့် ချောင်းစလန်း - ၁၅မိုင်လမ်း (၄/၂.၄၁) မိုင်ရှိသည့်အနက်လမ်းမိုင် (၁/၁-၂/၀.၆) ကြား မူလမြေသားလမ်း (၀/၇.၆) မိုင်အား ဒုခြောက်လက်မ၊ အကျယ် ၁၄ ပေ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ပလောက်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေး ဌာနဆေးခန်း၌ မွေးကင်းစမှအသက်(၂)နှစ်အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်သည်။

ပုလောမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် စက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ဩဂုတ် ၁၈ ရက် နံနက် ၁၀နာရီက  ပုလောမြို့နယ်ခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက်က ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်း‌ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း‌ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ  ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်ကိုင်ကွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအက သရက်ချောင်းမြို့(အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား   UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  ပင်စင် လစာခံစားနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique Identity (UID)ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်းသိရသည်။

တနင်္သာရီမြို့နယ် မြို့ဦးပရိယတ္တိစာသင်တိုက်ရှိ မဟာဗောဓိညောင်ပင်ပရဝုဏ်အတွင်း မြေသန့်စင်မင်္ဂလာအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက်ရှိ မဟာဗောဓိညောင်ပင် ပရဝုဏ်အတွင်း ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆုတ် (၉) ရက် ယနေ့နံနက် (၉) နာရီက မဟာဗောဓိညောင်ပင်မြေသန့်စင်ခြင်းမင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး