ကျွန်းစုမြို့၌ အသက် ၆ လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေး

ကျွန်းစု ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၆လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းကို ဩဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီက မြို့ပေါ်အမှတ် ၃ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံး၌ ဆောင်ရွက်သည်။

ဗီတာမင်အေဆေးကို ကလေးငယ်များအတွက် အာဟာရချို့တဲ့မှုများမှ ကင်းဝေးပြီး အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးကာ ကျန်းမာသန်စွမ်းစေရေးအတွက် (၆) လလျှင် တစ်ကြိမ် ပုံမှန်တိုက်ကျွေးပေးလျက်ရှိရာ အဆိုပါ ရပ်ကွက်အတွင်းရှိ ကလေးငယ်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဆရာမများက ကလေးငယ်များအား ဖွံ့ဖြိုးကြီးထွားမှုကို တိုင်းတာခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ဗီတာမင်အေဆေးကို တိုက်ကျွေးပေးသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ဩဂုတ်လတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက အသက် ၆ လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေ ဆေးတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)