ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ကော့သောင်း ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် UIDကတ်ပြားများ ဆောင်ရွက်ခြင်းကို ယ‌‌မန်နေ့က ကော့သောင်းမြို့နယ်၊   ၈မိုင်ကျေးရွာ၊ ဝေ‌နေယျာသုခ ပရဟိတကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကော့သောင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးကိုကိုနိုင်နှင့် မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ဇေဦးတို့က ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျောင်းသား၊‌ ကျောင်းသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး ဒုလဝကမှူး ဦးအောင်ကိုလတ်နှင့် အဖွဲ့တို့က Smart card (UID) ကတ်ပြားများ တစ်ပါတည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)