ထားဝယ် ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုးကာ၊ ဝတ်စုံနှင့်စားသောက်ဖွယ်ရာများပေးအပ်ခြင်းအခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းဖြင့် ကျင်းပခဲ့ရာ လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြပြီး းရွေးကောက်ပွဲကြီးအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အသိမှတ်ပြုပါကြောင်း၊ ဒါ့အပြင်မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူလူထုနှင့်နိုင်ငံ့ဝန်ထမ်းများ အေးချမ်းလုံခြုံမှုရှိစွာနေထိုင်လုပ်ကိုင်နိုင်ရေးအတွက် နေ့စဉ်နှင့်အမျှအချိန်ပြည့် လုံခြုံရေးတာဝန်များကို ဆောင်ရွက်ပေးနေကြသည့်အတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အစို့ရအဖွဲ့အနေဖြင့်လည်း ၎င်းအဖွဲ့ဝင်များကိုလစဉ်ရိက္ခာနှင့် စရိတ်ချီးမြှင့်ငွေများ ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ မိမိတို့နယ်မြေဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပြည်သူ့စစ်အဖွဲ့ဝင်များကို တိုးချဲ့ဖွဲ့စည်းနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတည်ငြိမ်းအေးချမ်းပြီးဖွံ့ဖြိုး တိုးတက်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများအနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ တက်တက်ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်ကလုံခြုံရေးတပ်ဖွဲ့ဝင်များကို ငွေကျပ် ၂၁,၇၉၂,၀၀ဝ တန်ဖိုးရှိ မိုးကာ၊ ဝတ်စုံနှင့်စားသောက်ဖွယ်ရာများကို ပေးအပ်သည်။ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား စစ်မှုထမ်းဟောင်းအဖွဲ့ခေါင်းဆောင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)