ပုလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး 

ပုလော     ဇူလိုင် 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ  မိုးရာသီသစ်ပင် စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက ပုလောမြို့၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပသည်။

ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့်က အမှာစကားပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးဌာနဌာနမှူး ဦးတင်အောင်မျိုးက  မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များ၏ အကျိုး ကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ ကျောင်းစာကြည့်တိုက်သို့ သစ်တောကြေးမုံစာအုပ်များ လှူဒါန်းကြရာ ကျောင်း အုပ် ဆရာမကြီးက လက်ခံပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာမများအား သစ်ပင်ရှင်သန်အောင်စိုက်ပျိုးရန် နည်းလမ်းများ လက်တွေ့သရုပ်ပြ စိုက်ပျိုးကြကြောင်း သိရသည်။

ပုလော (ပြန်/ဆက်)