မကွေးတိုင်းဒေသကြီး

မင်းဘူးမြို့၌ ပုံပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးတို့အတွက် ပုံပြောနှင့် စာစီစာကုံးပြိုင်ပွဲများကို  ကျင်းပပေးခဲ့ကြောင်း  သိရသည်။

မကွေးမြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ဂန့်ဂေါမြို့၌ ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(စည်ပင်)ကျောင်းတွင် ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ဒေသခံအချို့သည် မိသားစုဝင်ငွေတစ်ခုအနေဖြင့် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးရာမှ အပိုဝင်ငွေရရှိလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက မင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာတွင် ဆိုလာရေတင် စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှု

နိုင်ငံတော်အကြီးအကဲ၏လမ်းညွန်မှုဖြင့် “ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ၏ဘေးဝဲယာရှိ စိုက်ပျိုးမြေများအား ဆိုလာစနစ်ဖြင့် ရေတင်ပြီး စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်၍ တစ်နှစ်ပတ်လုံးသီးနှံစိုက်ပျိုးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက မင်းလှမြို့နယ် ပန်းတော်ပြင်အုပ်စု ဥယျာဉ်ကျေးရွာစိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင် စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

တောင်တွင်းကြီးမြို့နယ်တွင် ရွှေဘိုပေါ်ဆန်းနှင့်အခြားပေါ်ဆန်းအမျိုးအစားဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော  ဆန်အရောင်းဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ယမန်နေ့ နေ့လယ်ကတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ငဖဲမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၀၉၉ သိန်းထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ၆ ရက်နေ့မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ ကျေးရွာအုပ်စု ၆ အုပ်စုမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀၉၉ သိန်း ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး